မြန်မာ့ပင်လယ်ပြင်ရေပိုင်နက်အတွင်း တစ်ဖက်နိုင်ငံသို့တရားမဝင်တင်ပို့မည့် သစ်မှောင်ခိုစက်လှေတစ်စီးဖမ်းဆီးရမိ

မြန်မာ့ပင်လယ်ပြင်ရေပိုင်နက်အတွင်း တစ်ဖက်နိုင်ငံသို့တရားမဝင်တင်ပို့မည့် သစ်မှောင်ခိုစက်လှေတစ်စီးဖမ်းဆီးရမိ

 

မောင်တော၊ မေ ၂၂၊

ရခိုင်ပြည်နယ်ကမ်းရိုးတန်းတစ်လျှောက် တစ်ဖက်နိုင်ငံမှ ခိုးဝင်ဘင်္ဂလီများ ဝင်ရောက်မှုမရှိစေရေးနှင့် တရားမဝင်ကုန်သွယ်မှုမရှိစေရေးအတွက် တပ်မတော်ရေမှ ပင်လယ်ပြင် ရေပိုင်နက်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိရာ ၂ဝ၂၁ခုနှစ် မေလ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင်

မောင်တောမြို့နယ်၊ မန်ကျည်းချောင်း ချောင်းဝအနီး အရှေ့တောင်မှ အနောက်မြောက်သို့ ခုတ်မောင်းလာသည့် မသင်္ကာဖွယ် စက်လှေ ၁ စီးအားတွေ့ရှိသဖြင့် အချက်ပြခေါ်ယူခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ မောင်းနှင်ထွက်ပြေး သွားသောကြောင့် လိုက်လံဖမ်းဆီးရာ နံနက် ၈ နာရီအချိန်ခန့်တွင်

မန်ကျည်းချောင်း ချောင်းဝ၏ အနောက်တောင်ဘက် ၀ ဒသမ ၅ မိုင်ခန့်အကွာ၌ ကညင်သား ဘေတုံးဆိုဒ်စုံ ၁၂ တန်ခန့်(ကာလတန်ဘိုး ၉၆ သိန်း ကျပ်ခန့်)အားတင်ဆောင်ထားသည့် စက်လှေ ၁ စီး(ကာလတန်ဖိုး သိန်း ၂၀၀ ကျပ်)နှင့်အတူ စက်လှေပေါ်မှ  ဘင်္ဂါလီ ၅ ဦးအား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိစက်လှေ၊ သစ်များနှင့်တရားခံများအား သစ်တောဥပဒေအရ အရေးယူနိုင်ရေးအတွက် မောင်တောခရိုင် သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအမှုဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *