ထိုင်းနိုင်ငံအတွင်း လက်နက်ကြီးကျရောက် ပေါက် ကွဲမှု စစ်ကောင်စီကို ထိုင်းစစ်တပ်မှ သတိပေးစာ ပေးပို့မည်

ထိုင်းနိုင်ငံအတွင်း လက်နက်ကြီးကျရောက် ပေါက် ကွဲမှု စစ်ကောင်စီကို ထိုင်းစစ်တပ်မှ သတိပေးစာ ပေးပို့မည်

 

မြန်မာအာဏာသိမ်းစစ်တပ် ပစ်ခတ် ခဲ့သည့် မော်တာကျည် တစ်ချို့ ထိုင်းနိုင်ငံထဲ ကျရောက် ထိမှန်ခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိုင်းစစ်တပ်က မြန်မာအာဏာ သိမ်းစစ်တပ်ကို သတိပေးသည့် အကြောင်းကြားစာတစ်စောင် ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ရှေ့ကာလတွင် မြန်မာစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများ ထိုင်းနယ်နမိတ်ထဲအထိ ချဲ့ ထွ င်လုပ်ဆောင်ခြင်းမျိုး မရှိစေရေးအတွက် တောင်းဆိုမည့် စာတစ်စောင်ကို ထိုင်း -မြန်မာ နယ်စပ်ကော်မတီကနေတဆင့် ပေးပို့သွားမည်ဖြစ်ကြောင်း ထိုင်း-မြန်မာ နယ်စပ်လုံခြုံရေးကိုကြီးကြပ်ကိုင်တွယ်နေသည့် ထိုင်း အမှတ်-၃ ကြည်း တပ် အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အပီချတ် ဆွီဆက်က ပြောသည်။မြန်မာ အာဏာသိမ်းစစ်တပ်သည် ယမန်နေ့ နေ့လည်ပိုင်းက နယ်စပ်ကို ကျော်ပြီး မော်တာကျ ည် သုံးလုံး ပ စ် ခ တ်ခဲ့ရာ ယင်းတို့သည်။

မယ်ဟောင်ဆောင် ပြည်နယ် မဲစရီယန်းအရပ် တမ်ဘွန်မဲယွမ်ရှိ ဘန်သာတာဖန်း ကျေးရွာသို့ ကျရောက် ထိ မှ န်ခဲ့ပြီးနောက် ထိုင်းစစ်တပ်၏ သတိပေးမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။“နယ်စပ်မှာ မီးခိုးဗုံး တစ်လုံးပစ်ပြီး ကျွန်တော်တို့ဘက်က သူတို့ကို သတိပေးခဲ့ပါတယ်၊အဲဒီတော့ သူတို့ ပစ် နေတာတွေ ရပ်သွားခဲ့ပါတယ်’ ဟု အပီချတ်က ပြောသည် ။

မော်တာ ကျ ည် များသည် မြစ် ကမ်းပါးအနီး လူသူမနေသည့် ဧရိယာများသို့ ထိ မှ န်ခဲ့သည့်အတွက် တစုံတရာ ထိခိုက် ဒဏ် ရာရမှု မရှိခဲ့ဟုလည်၎င်းက ပြောသည်။ကရင်အမျိုးသားအစည်းအရုံး တပ် ဖွဲ့ဝင်များ နယ်စပ်ကို ဖြတ်ပြီး ပြေးသည်ဟု အာဏာ သိမ်းစစ်တပ်က ယုံကြည်ပြီး ပစ်ခတ်မှု ပြုလုပ်ခဲ့ဖွယ် ရှိကြောင်း ထိုင်းစစ်တပ် သတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *