မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေကို ကိုရီးယားဘာသာ နဲ့ သီချင်း တစ်ပုဒ် ဖန်တီး သီဆိုခဲ့တဲ့ အသက် (၁၅) နှစ်အရွယ် ကရင်မလေး YI WAH WAN

မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေကို ကိုရီးယားဘာသာ နဲ့ သီချင်း တစ်ပုဒ် ဖန်တီး သီဆိုခဲ့တဲ့ အသက် (၁၅) နှစ်အရွယ် ကရင်မလေး YI WAH WAN

 

ဖေဖော်ဝါရီ (၁) ရက်နေ့ ကတည်းကစတင်ခဲ့တဲ့ တိုင်းပြည် မငြိမ်သက်မှုတွေ ဟာပြည်သူတွေ ရည်မှန်းထားတဲ့ ဒီမိုကရေစီ ပန်းတိုင်ကိုမရောက်မချင်း ရပ်တန့်သွားမှာမဟုတ်ပါဘူး။ ဆုံးရှုံးရတာတွေ ပေးဆပ်ရတာတွေများလာတဲ့အခါမှာ ပြည်သူတွေမှာ နောက်ထပ်ဆုံးရှုံး စရာမကျန်တော့တဲ့ အထိတိုက် ပွဲဝင်လာကြမှာပါ။

ဖိနှိပ်ခံရမှုတွေနဲ့ ကြောက်ရွံ့မှုတွေကြားမှာ ကြာကြာမနေလိုတဲ့ ပြည်သူလူထုဟာ အာဏာရှင်လူတစ်စုကို ရတဲ့နည်းနဲ့ တွန်းလှန်ဖို့ ဝန်မလေးကြတော့ပါဘူး။ မြန်မာပြည်သူတွေရဲ့ သဘောထားကို အပြည့်အဝသိပြီး ပြည်သူတွေနဲ့အပြည့်အဝရပ်တည်တဲ့ ကိုရီးယားနိုင်ငံဟာ မြန်မာ အတွက်တော့တကယ့်ကိုမိတ်ဆွေကောင်းပါပဲ။

ကိုရီးယားနိုင်ငံအစိုးရသာမက ကိုရီးယား ပြည်သူတွေကပါ မြန်မာပြည်သူတွေကို အပြည့်အဝစာနာပြီး ကျောင်းသား အရွယ်လေးတွေကပါ မြန်မာပြည်ရဲ့စစ်ဘေးရှောင်တွေနဲ့ လိုအပ်သူတွေကိုလှူဒါန်းပေးနိုင်ဖို့ ကိုယ့်မုန့်ဖိုးလေးတွေအပြင် ကောက်ခံလို့ရခဲ့တဲ့ အလှူငွေလေးတွေ ကိုပါ ထည့်ဝင်လှူဒါန်းပေးကြပါတယ်။

ဒီနေ့မှာလည်း ကိုရီးယားနိုင်ငံမှာနေတဲ့ မြန်မာပြည်ဖွားကရင်မလေး Yi Wah Wan ဟာ မြန်မာ့နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင် ခဲ့ကြတဲ့ သူရဲကောင်းတွေ ရဲ့ပုံရိပ်တွေကို စုစည်းပြီး သီချင်းတစ်ပုဒ်ဖန်တီးခဲ့ပါတယ်။ သီချင်းရဲ့သံစဉ်နဲ့ ပုံရိပ်တွေဟာ ဖိနှိပ်ခံ နေရတဲ့ ပြည်သူတွေရဲ့ဘဝကိုအထင်သားမြင်သာစေပြီး ဝမ်းနည်းဖွယ်ကောင်းလွန်းပါတယ်။

ဒီသီချင်းကိုနာဆင်ရတဲ့ မြနှင်းရည်လွင်ကလည်း ”  သီချင်းနာမည်က ” The Spring of Myanmar” ဖြစ်ပါတယ် ဒီသီချင်းကို  “South Korean Artists”  တွေမှဖန်တီးထားတာပါ အမှန်တရား အတွက် တိုက်ပွဲဝင်နေတဲ့ကျမတို့မြန်မာပြည်သူတွေအတွက် အားကြိုးမာန်တက်ရပ်တည်ပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်  ကျမ ကိုရီးယား ဘာသာစကားအခက်အခဲရှိလို့ အဆိုတော်နာမည် မှားမှာဆိုးတဲ့အတွက် Artist လို့ပဲ အသုံးပြု လိုက်ပါတယ် ” ဆိုပြီး သီချင်းလေးကိုပြန်လည်ဝေမျှပေးခဲ့ ပါတယ်။

ခပ်ဆွေးဆွေးလေး ဆိုထားတဲ့ ဒီသီချင်းရဲ့နောက်ကွယ်မှာလည်း တကယ်ကိုယူကျုံးမရ ဖြစ်ရတဲ့ ဖြစ်ရပ်မှန်တွေရှိနေခဲ့တယ် ဆိုတာ ငြင်းမရပါဘူး။ ဝမ်းနည်းရမယ့်အကြောင်းအရာတွေပြီးဆုံးပြီး ပြည်သူတစ်ရပ်လုံး ပျော်ရွှင်ရတဲ့နေ့ရက်တွေကိုပြန်ရောက်လာဖို့ မျှော်လင့်မိပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *