သတို့သားက အလီတောင်မရွတ်တတ်လို့ မင်္ဂလာပွဲဖျက်ပစ်ခဲ့တဲ့ အိန္ဒိယအမျိုးသမီး

သတို့သားက အလီတောင်မရွတ်တတ်လို့ မင်္ဂလာပွဲဖျက်ပစ်ခဲ့တဲ့ အိန္ဒိယအမျိုးသမီး

 

အိန္ဒိယနိုင်ငံ၊ Uttar Pradesh ပြည်နယ်က အမျိုးသမီးတစ်ဦးဟာ သူမနဲ့လက်ထပ်မယ့် သတို့သားလောင်းဟာ အလီရွတ်ဆိုမှုကို အာဂုံဆောင်နိုင်ခြင်းမရှိတာကြောင့် မင်္ဂလာပွဲကို ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။

မင်္ဂလာဆောင်အခမ်းအနားကျင်းပနေစဉ် ရိုးရာဓလေ့ထုံးတမ်းတွေအရ ပန်းကုံးတွေလဲလှယ်ပြီး အသိအမှတ်ပြု၊အထမြောက်ခြင်းမတိုင်ခင်မှာ သတို့သားလောင်းရဲ့ ပညာအရည်အချင်းအပေါ် သံသယရှိနေခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတွက်ကြောင့် အလီရွတ်ဆိုခိုင်းကာ စမ်းသပ်ခဲ့ပြီး ကံဆိုးစွာနဲ့ပဲ သတို့သားလောင်းဟာ ကောင်းကောင်းရွတ်ဆိုနိုင်ခဲ့ခြင်းမရှိဘဲ သတို့သမီးရဲ့ အထင်သေးမှုကိုသာ ရရှိသွားခဲ့ပါတယ်။

ဒီနောက်မှာတော့ အမျိုးသမီးဘက်က မင်္ဂလာပွဲကို ဖျက်သိမ်းဖို့အတွက်တောင်းဆိုခဲ့ကြောင်း shethepeople.tv က ဖော်ပြခဲ့ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *