နွေဦးတော်လှန်ရေးက ကလေးမြို့ရဲ့သူရဲကောင်းGZ အမျိုးသမီးငယ်လေးများ

နွေဦးတော်လှန်ရေးက ကလေးမြို့ရဲ့သူရဲကောင်းGZ အမျိုးသမီးငယ်လေးများ

လက်ရှိအခြေအနေဖြစ်ပေါ်ခဲ့တာ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ အခုမေလထဲကိုတောင် ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။မြန်မာပြည်သူလူထုကလည်း (၃)လကျော်ကြာမြင့်သွားပြီဖြစ်တဲ့ ဒီအခြေအနေကိုခွန်အားအပြည့်နဲ့ဆက်လက်ရင်ဆိုင်နေကြဆဲဖြစ်ပါတယ်။


ဒီကာလအတွင်းမှာ အသ့က်ပေးသွားရတဲ့သူရဲကောင်းတွေအယောက်(၇၀၀)ကျော်တဲ့အပြင် ဖ့မ်းဆီ့းခံရသူတွေလည်း မရေမတွက်နိုင်အောင်များပြားနေပြီဖြစ်လို့ ပြည်သူတွေက သူတို့တွေအတွက်ပါ အင်တိုက်အားတိုက်ကြိုးစားပေးနေကြတာဖြစ်ပါတယ်။


လူထုလှုပ်ရှားမှုတွေကိုလည်း မြို့နယ်အသီးသီးမှာ နေ့တိုင်းတွေ့မြင်နေရပြီး လူငယ်တွေကတော့ ရှေ့ဆုံးကနေပါဝင်နေကြတာဖြစ်ပါတယ်။အန္တရာ့ယ်တွေကြားထဲကနေတောင် နည်းလမ်းအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖော်နေကြတဲ့ပြည်သူတွေရဲ့ရဲစွမ်းသတ္တိက အရမ်းလေးစားစရာကောင်းလှပါတယ်။ လက်ရှိအခြေအနေကြောင့် အခက်အခဲမျိုးစုံကိုကြုံတွေ့ခဲ့ရတဲ့ပြည်သူတွေကဘယ်လိုဒုက္ခအကြ့ ပ်အတ့ည်းကိုမဆို ခံနိုင်ရည်ရှိလာပြီး အပြန်အလှန်ဖေးမကူညီရင်း ရှေ့သို့ဆက်လက်ချီတက်နေကြတာဖြစ်ပါတယ်။


စစ်ကိုင်းတိုင်းဒေသကြိး ကလေးမြို့မှာလည်း GZ သူရဲကောင်း အမျိုးသမီးငယ်များက အာဏာရှင်စနစ်ကိုတော်လှန်ဖို့ရာအတွက် တူမီ.းများကို ကို့င်ဆော့င်ပြီး အာဏာရှင်တွေကို တို့က်ထု့တ်ဖို့ရာအတွက်ကြိုးစားနေတဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကလေးမြို့ရဲ့ သူရဲကောင်း GZ. အမျိုးသမီးလေးတွေပါ။ကျွန်တော်တို့ထက်တောင် တော်လှန်းရေးမှာ စိတ်အားထက်သန်တဲ့ ညီမလေးတွေပါ ညီမလေးတွေရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ပုံတင်ပြီး ဂုဏ်ပြုပေးရခြင်းပါ။ ထိုပုံတွေဟာ ရိုတ်ကူးထားတာကြာပါပြီ အားလုံးကိုယ်စီလုံခြုံတဲ့အရပ်မှာရောက်ရှိပြီးမှ တင်ပေးရခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *