မြန်မာစစ်တပ်ကို ဒုက္ခအပေးနိုင်ဆုံး နာမည်ကျော် တပ်မဟာ (၅)ရဲ့တပ်မင်းက KNU ဒုစစ်ဦးစီးချုပ် ဘောကျော်ဟဲ ဆိုတာ  ဘယ်ဟာမျိုးလူလဲ အကြောင်းလေ့လာကြစို့။

မြန်မာစစ်တပ်ကို ဒုက္ခအပေးနိုင်ဆုံး နာမည်ကျော် တပ်မဟာ (၅)ရဲ့တပ်မင်းက KNU ဒုစစ်ဦးစီးချုပ် ဘောကျော်ဟဲ ဆိုတာ ဘယ်ဟာမျိုးလူလဲ အကြောင်းလေ့လာကြစို့။

 

ဘယ်တော့မှ စစ်တပ်ရဲ့ညှိနှိုင်းမှုကို လက်မခံတဲ့ တပ်မင်း ။

တပ်မင်းတစ်ယောက်၊ ဒုစစ်ဦးစီချုပ် တစ်ယောက် အနေနဲ့ နေသာသလို နေလို့ရပေမယ့် စခန်းသိမ်း တိုက်ပွဲတိုင်းလို ရှေ့ဆုံးက ကိုယ်တိုင်ဦးဆောင်တိုက်လေ့ရှိပြီး ဟိတ်ဟန်မရှိ ရဲဘော်တွေနဲ့ လက်ရည်တပြင်တည်း စားသောက်လေ့ရှိတဲ့သူ ။

ဒါကြောင့်လဲ လူ၊ လက်နက်၊ ဓန အင်အား အတောင့်တင့်ဆုံး တပ်မဟာ(၅)မှာ သန်မာဖြတ်လတ်တဲ့ ကရင်လူငယ်တွေ အများဆုံး တာဝန်ထမ်းနေကြပြီး ယုံကြည်ချက်အပြည့်နဲ့ ခေါင်းဆောင်ကောင်းအောက်မှာ တိုက်ပွဲတိုင်း အောင်ပွဲဆင်နိုင်တာ မဆန်းပါဘူး ။

သူဟာ အကြမ်းဖက်စစ်တပ်က ဗိုလ်ချုပ်မင်းအောင်လိုင်နဲ့ အပေါင်းအပါ ဗိုလ်ချုပ်တွေလို့ မချမ်းသာဘူး။ လာလ်မစားဘူး ခေတ်မှီလက်နက်ပစ္စည်းတွေလဲ မပိုင်ဆိုင်ထားဘူး သူ့မှာစစ်ည်အင်အား သုံးသိန်းကျော်လည်းမရှိဘူး။

ဒါပေမယ့် အင်မတန်အင်းအားကြီးတဲ့ ရန်သူကို လုံးဝအရှူံးမပေးပဲ တောတောင်ကြားကနေပီး ဆန့ကျင်တော်လှန်နေတယ်။ ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်နေတဲ့ KNLA စစ်သည်တွေကို ဦးဆောင်ကွပ်ကဲမှူပေးတယ်။

အဲ့ဒီပုဂ္ဂိုလ်ဟာ တို့အားထားရတဲ့ အရင်အမျိုးသားလွှတ်မြှောက်ရေးတပ်မတော် ( KNLA ) ဒုတိယဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ ဖြစ်တယ်။ သူဟာ အများအမြင်မှာ ခမ်းနားချင်မှ ခမ်းနားမယ်။ ကရင်လူမျိုးအတွက်တော့ သူဟူ တန်းတူရေး။ တရားမျှတရေးနဲ့ လွှတ်လပ်မူအတွက် ရဲဝံစွာတိုက်ပွဲဝင်နေတဲ့ စစ်သားပီသသူ ခမ်းနားတဲ့လူသားတစ်ဦးဖြစ်တယ်။ လူမျိုးတိုင်းရဲ ခေါင်းဆောင်ကောင်းများကို လေးစားလျှက်

 

Leave a Reply

Your email address will not be published. Required fields are marked *