ရုပ်ပုံ တွေကပြောပြမယ့် သင်တို့စုံတွဲ ရဲ့အချစ်ရေး

ရုပ်ပုံ တွေကပြောပြမယ့် သင်တို့စုံတွဲ ရဲ့အချစ်ရေး

 

သင်တို့ရဲ့ပျော်ရွင်စရာကောင်းတဲ့ အချစ်ရေး ကို ရုပ်ပုံ တွေကဆင့် ပြောပြတာဟာ နည်းနည်းတော့ ထူးဆန်းသလို ဖြစ်နိုင်ပါတယ်။အဆိုပါ ရုပ်ပုံ တွေဟာ လူမှု စိတ်ပညာရှင် တွေရဲ့ ခန့်မှန်းချက်ဖြစ် တာကြောင့် သင်တို့စုံတွဲ နဲ့ ဆင်တူတဲ့ ရုပ်ပုံ ကိုလက်နဲ့ထိပြီး သင်တို့ရဲ့အချစ်ရေး အခြေအနေကို ဖတ်ရှုနိုင်ပါတယ်။

 

( 1 ) သင်တို့ စုံတွဲလိုပါပဲ

အမျိုးသမီးလေးဟာ သူမရဲ့ချစ်သူ အတွက် ဂုဏ်ယူနေပြီးတော့ အဲဒီ့အကြောင်းကို တစ်ကမ္ဘာလုံးသိအောင် ပြောပြချင် နေပါတယ်။ သူမ က အရမ်းကို လွတ်လပ် ပျော်ရွင်နေပြီးတော့ ပတ်ဝန်းကျင်က ဘယ်လိုပဲထင်ထင် သူမကဂရုစိုက်မှာ မဟုတ်ပါဘူး။သူမရွေးချယ်ထားတဲ့ ချစ်သူ က သူမအတွက် အကောင်းဆုံးလို့ ထင်နေပြီးတော့ သင်တို့ရဲ့ဆက်ဆံရေး က နှစ်ယောက်စလုံး အရမ်းကို ပွင့်လင်း ပါတယ်။

 

( 2 ) လူတော်တစ်ယောက်ရဲ့ နောက်မှာ ထက်မြက်တဲ့ မိန်းမ တစ်ယောက်ရှိနေတယ် ဆိုတဲ့စကားဟာ သင်တို့စုံတွဲကို ပြောတာပါ။ သူမ ဟာ ပြဿနာ တွေနဲ့ စိတ်ရှုပ်စရာတွေ ကြုံလာရင်တောင်မှ ချစ်သူကို ကူညီပေးနေမယ့် သူပါ။သူမရဲ့ ချစ်သူကို အမြင့်ဆုံးကို တက်လှမ်းနိုင်ဖို့အတွက် အချိန်တိုင်း ဘေးကနေ ကူညီပေးနေမယ့် သူလေးပါ။

 

( 3 ) သေချာပါတယ်

သင်တို့နှစ်ယောက်ရဲ့ ချစ်သူ ဘ၀ မှာ ယောက်ျားလေးက အမြဲတမ်း ခေါင်းဆောင်ပါပဲ။ သူက တာဝန်ယူချင်စိတ် ရှိပြီးတော့ စိတ်နဲနဲကြီး ပါတယ်။ဒါပေမယ့် မိန်ကလေး ရဲ့ အေးဆေးတည်ငြိမ်တဲ့ စရိုက်ကြောင့် သင့်တို့ရဲ့ ဆက်ဆံရေး ဟာ ညီမျှနေပြီး ပျော်ဖို့ကောင်း ပါတယ်။ သင်တို့ရဲ့ဆောင်ပုဒ် က “ခေါင်းဆောင် တတ်သူနဲ့ မျှတသူ” ပါ။

 

( 4 ) သင်တို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းကို ရင်းနှီးကြသလို ချစ်သူချင်း ယုံကြည်မှု ပြင်ထန်သူများ ဖြစ်ပါတယ်။ ယောက်ျားလေး ဖြစ်သူဟာ သူ့ရဲ့ကောင်မလေး ကို ဘယ်လို ဒုက္ခတွေပဲကြုံကြုံ ရှေ့ကနေ မားမားမတ်မတ် ကူညီနေမှာ ဖြစ်ပြီးတော့ …သူမဖြစ်ချင်တာ မှန်သမျှ သူက ထောက်ပံ့ပေး သွားမှာပါ။ သင်တို့နှစ်ယောက်ရဲ့ အချင်းချင်းလေးစားဖို့နဲ့ အကြွင်းမဲ့ ယုံကြည်မှု ဟာ သင်တို့ရဲ့အချစ်ရေး အပေါ်မှာ အခြေခံနေပါတယ်။

 

(5 ) သင်တို့နှစ်ယောက်ဟာ အရမ်းကို အတွဲညီပြီးတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိတဲ့ စုံတွဲလေး ဖြစ်ပါတယ်။ သင်တို့စုံတွဲ ရဲ့ အတူရှိနေကြတဲ့ မိနစ်တွေတိုင်းဟာ ပျော်စရာတွေနဲ့ ပြည့်စေပြီးတော့ တစ်ယောက်ရဲ့ကိစ္စတိုင်းကို တစ်ယောက်က လိုက်လုပ်နေတတ်ပါတယ်။ တယောက်ကိုတယောက် အမြဲတမ်း ပွေ့ဖက်ထားချင်လောက်အောင် ချစ်ကြတဲ့ စုံတွဲလေး ဖြစ်ပါတယ်။

 

( 6 ) သင်တို့စုံတွဲ ကတော့ တစ်ယောက်နဲ့တစ်ယောက် ကြင်နာမှုတွေကို အများသူတွေ သိအောင် မဖော်ပြတဲ့ စုံတွဲလေး ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ယောက် ရဲ့ ဆန္ဒ တွေ၊ စိတ်သဘောထားတွေ၊ စိတ်ဝင်စားမှု တွေကို တစ်ယောက်က အမြဲလေးစားနေတဲ့ သူတွေ ဖြစ်ပါတယ်။သင်တို့ရဲ့ အချစ် တွေကို ဖေ့ဘွတ် ပေါ်မှာ မမြင်တွေ့ နိုင်ပေမယ့် တစ်ယောက်ကိုတစ်ယောက် အဆုံးမဲ့ ချစ်ခြင်းသင်္ကေတတွေ ကတော့ ရင်ထဲမှာ ရှိနေပါတယ်။

 

( 7 ) သင့်တို့စုံတွဲ မှာ အရမ်းကို ကောင်းမွန်တဲ့ ဆယ်ဖီပုံ တွေ သန်း နဲ့ချီ ရှိပါတယ်။ သင်တို့နှစ်ယောက်ရဲ့ ကြင်နာမှု ကို အများပြည်သူကို သိစေချင် ပါတယ်။ သင့်ရဲ့သူငယ်ချင်း တွေကလည်း အရမ်းကို လှပပြီး လိုက်ဖက် တဲ့ စုံတွဲ လေးလို့ အားကျနေကြပါတယ်။သင်တို့ရဲ့အချစ်ရေး ဟာ ဘယ်တော့မှ ပျင်းစရာ မကောင်းသလို အမြဲတမ်း ရင်ခုန်နေရမယ့် အနာဂတ်တွေ ရှိနေ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *