မအလတပ်က ပြည်သူတစ်ဦးကို ရက်ရက်စက်စက်လုပ်သွားမှုကြီး

မအလတပ်က ပြည်သူတစ်ဦးကို ရက်ရက်စက်စက်လုပ်သွားမှုကြီး

 

မေ ၂၈

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကလေး-ဂန့်ဂေါကားလမ်း၊ ရဲလှရွာအနီးတွင် အကြမ်းဖက်စစ်တပ်က လူနေအိမ် ၃ လုံးကို မီးရှို့သွားပြီး လူတစ်ဦးကိုလည်း ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကလေး- ဂန့်ဂေါ ကားလမ်းတွင် အကြမ်းဖက်စစ်ကောင်စီ တပ်များနှင့် ယောပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ မွန်းလွဲပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားကြောင်း၊စစ်ကား ၁ စီး မီးလောင်သွားပြီး စစ်ကောင်စီဘက်မှ သေဆုံး ထိခိုက်မှုများရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်များက ကလေး- ဂန့်ဂေါ ကားလမ်းဘေးရှိ လူနေအိမ်တချို့ကို မီးရှို့ခဲ့ပြီး ပြည်သူ ၁ ဦးကိုလည်း ပစ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဂန့်ဂေါဘက်က စစ်ကား ၄ စီးတက်လာရင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တယ်။ အဲဒါ စစ်ကား ၁ စီးမီးလောင်ပြီး ဟိုဘက် ပြန်ဆုတ်တယ်။ပြန်ဆုတ်တဲ့ လမ်းမှာ ရှိတဲ့ အိမ်နဲ့ မြင်သမျှလူကို ပစ်ခတ် သတ်ဖြတ်သွားတဲ့သဘောပဲ။ ရဲလှရွာနားမှာ အိမ် ၃ လုံးကို မီးရှို့တယ်။ လူတစ်ဦးကို ပစ်သတ်ပြီး မီးပါ ရှို့သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

 

လတ်တလော စစ်ကောင်စီဘက်မှ သေဆုံးမှုများရှိသကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်တွင်လည်း ထိခိုက်ကျဆုံးမှုရှိကြောင်း သိရှိရပြီး အရေအတွက် အတိအကျကို မသိရှိရသေးပေ။

 

Leave a Reply

Your email address will not be published. Required fields are marked *