ရဲတပ်သားက ဒုရဲမှုးကြီးကို သေနတ်ဖြင့် အချက်၂၀ ကျော်ပစ်သတ်လိုက်တဲ့ ဖြစ်ရပ်အပြည့်အစုံ

ရဲတပ်သားက ဒုရဲမှုးကြီးကို သေနတ်ဖြင့် အချက်၂၀ ကျော်ပစ်သတ်လိုက်တဲ့ ဖြစ်ရပ်အပြည့်အစုံ

 

စစ်ကိုင်းမြို့ အမှတ် ၁၆ လုံခြုံရေးရဲတပ်ရင်းထဲမှာ ဒီကနေ့ မေလ ၂၄ ရက်နေ့က ဒုရဲမှုးကို ရဲတပ်သားက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ ဒုရဲမှုးနဲ့ ရဲတပ်သားတို့ဟာ အပြန်အလှန်စကားများရန်ဖြစ်ခဲ့တာဖြစ်ပါတယ်။သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ရဲတပ်သားဟာ ချင်းပြည်နယ်မှာ မွေးဖွားခဲ့တဲ့ ချင်းတိုင်းရင်းသားတစ်ယောက်ဖြစ်တယ်လို့လည်း ထပ်မံသိရပါတယ်။

သူတို့နှစ်ဦးဟာ နံနက်ပိုင်း တန်းစီတဲ့အချိန်မှာလည်း စကားများရန်ဖြစ်ခဲ့ကြသလို နေ့လယ်ပိုင်းလောက်မှာလည်း စကားများရန်ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။အဲဒီနောက်မှာတော့ ရဲတပ်သားက ဒုရဲမှုးကို သေနတ်နဲ့ အချက်ပေါင်း ၂၀ ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ဒုရဲမှုးသေဆုံးခဲ့ရတာဖြစ်ပါတယ်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်သတင်းဌာနဖြစ်သည်။)

Leave a Reply

Your email address will not be published. Required fields are marked *